အေမး/အေျဖ

အဖြေ။ OK $ ဖုန်းဖြင့် ငွေပေးပို့၊ ရယူနိုင်သည့် စနစ်တစ်ခုဖြစ်သည်။ ၂၄ နာရီ ၇ ရက်ပတ်လုံး တိကျမှန်ကန် လျှင်မြန် စိတ်ချစွာဖြင့် အလွယ်တကူ ငွေပေး၊ ငွေယူပြုလုပ်နိုင်သော ဖုန်းငွေပို့စနစ် တစ်ခုဖြစ်သည်။ သင့် ငွေကြေးသုံးစွဲမှု စာရင်းဇယားများကိုလည်း အလွယ်တကူ တွက်ချက်ရယူနိုင်သည်။ အသေးစိတ် အချက်အလက်များကို www.okdollar.com တွင် ၀င်ရောက်လေ့လာနိုင်သည်။
အဖြေ။ OK $ ကို အသုံးပြုရန် ပထမဦးစွာ OK $ Apps ကို အောက်ပါ Website များမှ ရနိုင်သည်။
  • Our website www.okdollar.com
  • Apple app store
  • Google play store
  • Jas Market
  • One mobile market
  • Ok $ agent.
မိမိ ကိုယ်ပိုင် မိုဘိုင်း ဖုန်းနံပါတ်ဖြင့် လိုအပ်သည့် အချက်အလက်များကို အကောင့်ဖွင့်၍စတင် အသုံးပြုနိုင်ပြီဖြစ်သည်။
အဖြေ။ အကောင့်ဆိုသည်မှာ မိုဘိုင်းဖုန်း တစ်လုံးနှင့် SIM Card တစ်ခု ရှိရုံဖြင့် နေရာ မရွေး၊ အချိန် မရွေး မည်သူ့ကို မဆို အကန့်အသတ်မရှိ ငွေပေးပို့၊ လက်ခံ၊ ဈေး၀ယ်နိုင်သော အကောင့် တစ်ခုဖြစ်သည်။ သင့်ပိုက်ဆံကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်၍ သင့် တန်ဖိုးရှိသော အချိန်များကို အကုန်သက်သာ စေနိုင်ပါသည်။
အဖြေ။ OK $ အကောင့်ဖြင့် ငွေသွင်း၊ ထုတ်ပြုလုပ်ခြင်းများသည် အလွယ်ဆုံးဖြစ်သည်။ ငွေသွင်း၊ ထုတ်ပြုလုပ်နိုင်သည့် အချက်များကို အောက်တွင် ဖော်ပြထားသည်။ OK $ အသုံးပြုသူ မည်သူမဆို အေးဂျင့် / ကုန်သည် / ဘဏ်
အဖြေ။ OK $ အကောင့်ဖွင့်ရန် Bank အကောင့် မလိုအပ်ပါ။ မိုဘိုင်းဖုန်း တစ်လုံးနှင့် SIM Card တစ်ခုသာ လိုအပ်ပါသည်။ SIM Card နံပါတ်သည် OK $ အကောင့်၏ အသက်ဖြစ်သည်။ ထိုကြောင့် မိမိကိုယ်ပိုင် အသုံးပြုသော SIM Card ဖြစ်ရန် လိုအပ်သည်။
အဖြေ။ OK $ ဝန်ဆောင်မှု ရရန် SIM card တစ်ကဒ်သာ လိုအပ်ပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ-
  • Mobile application (အင်တာနက် ချိတ်ဆက်ပါ)
  • Mobile browser (အင်တာနက် ချိတ်ဆက်ပါ)
  • Web portal (အင်တာနက် ချိတ်ဆက်ပါ)
  • SMS (အင်တာနက် ချိတ်ဆက်ရန် မလိုပါ)
အဖြေ။ ရနိုင်ပါသည်။ ငွေပမာဏ လက်ခံရရှိသည့် သူ၏ ဖုန်းသို့ ငွေလက်ခံရရှိကြောင်း စာတို ပေးပို့ပါလိမ့်မည်။ OK $ Application ကို ဖုန်းအတွင်း ထည့်သွင်း၍ အကောင့် ပြုလုပ်ပြီး ငွေထုတ်ယူ သုံးစွဲနိုင်သည်။ ၆လအတွင်း အကောင့်မပြုလုပ်လျှင် ငွေများ ဆုံးရှုံးလိမ့်မည်။
အဖြေ။ ယခုလက်ရှိ အခြေအနေတွင် အနည်းဆုံး ငွေပမာဏ သတ်မှတ်ထားခြင်း မရှိသေးပါ။
အဖြေ။ မဆုံးရှုံးနိုင်ပါ။ အကောင့်ဖွင့်စဉ်က ထည့်သွင်းခဲ့သော ကြိုတင်သတ်မှတ် ဖုန်းနံပါတ်မှ တဆင့် သင့် ငွေကြေးများကို ပြန်လည် ရယူနိုင်သည်။ ထို့ကြောင့် ကြိုတင် သတ်မှတ်ဖုန်းနံပါတ်မှာ သင့်ကိုယ်ပိုင် ယုံကြည် စိတ်ချရသော Speed Kyat အကောင့် ဖွင့်ထားသော ဖုန်းအတွင်း ထည့်သွင်း ထားခြင်းမဟုတ်သော သင့်တခြား ဖုန်းတစ်လုံးမှ ဖုန်းနံပါတ်ဖြစ်ရမည်။ www.okdollar.com သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။ သင့်ဖုန်းနံပါတ်နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်၍ အကောင့်ပိတ်နိုင်သည်။ အကောင့်ဝင်ပုံနှင့် လုပ်ဆောင်နိုင်သော အချက်အလက်များ -
OK $ ကို ဖွင့်၍ အကောင့်ရှိသူမှ ၀င်ရန် နေရာကို နှိပ်၍ သင့်ဖုန်းနံပါတ်၊ အကောင့် လျှို့ဝှက်နံပါတ်တို့ကို ရိုက်ကာ အကောင့်အတွင်းသို့ အလွယ်တကူ ၀င်နိုင်သည်။ လုပ်ဆောင်နိုင်သော အချက်အလက်များ
  • ငွေပေး => မည်သူကို မဆို အချိန်မရွေး၊ နေရာတိုင်း အသုံးပြုနိုင်သည်
  • နံပါတ်မပေါ် ငွေပေး => ငွေလက်ခံမည့်သူအား သင့်ဖုန်းနံပါတ်ကို မဖော်ပြပဲ အလွယ်တကူ ငွေပေးပို့နိုင်သည်။
  • ငွေပေးချေမှု => ဘက်(စ်)ကားခ၊ ရထားခ၊ သဘောခ၊အဝေးပြေးကားခ ၊ ၀င်ပေါက်၊ မြို့၀င်ကြေး၊ ကားပါကင်၊ အငှားယာဉ်၊ စားသောက်ဆိုင်၊ ဟိုတယ် (သို့) ဓါတ်ဆီဆိုင် စသည့် ငွေပေးချေရမည့် နေရာ များတွင်လည်း သက်ဆိုင်ရာ ခလုတ်ကို နှိပ်၍ အသုံးပြုနိုင်သည်။
  • လျှော့ဈေးငွေ => ကုန်သည် လုပ်ငန်းရှင်များမှ ၎င်းတို့၏ ဈေး၀ယ်သူ၊ ဖောက်သည်များအား ပြန်လည်၍ ဈေးလျှော့ပေးသည့် အစီအစဉ် ဖြစ်သည်။
  • ဘောနပ်(စ်)ပွိုင့် => ကုန်သည်၊ လုပ်ငန်းရှင်၊ ဈေးဆိုင်ပိုင်ရှင်များမှ ၎င်းတို့ သတ်မှတ်ထားသော ငွေပမာဏ ရောက်ရှိသော အခါ ပြန်လည်ပေးအပ်သည့် ဘောနပ်(စ်)ပွိုင့် ရမှတ်ဖြစ်သည်။ သတ်မှတ်ထားသော ရမှတ်ပြည့်သောအခါ ထိုပွိုင့်များကို လက်ဆောင် (သို့) ငွေကြေးဖြင့် ပြန်လဲယူနိုင်သည်။
  • ဖုန်းဘီ(လ်)ဖြည့် => OK $ အကောင့်မှတဆင့်သင့်ဖုန်းနံပါတ် (သို့) မိသားစု၊သူငယ်ချင်းနှင့် တခြားသူများသို့ ဖုန်းငွေဖြည့် ပေးနိုင်သည်။ ဖုန်းဘီ(လ်) ဖြည့်သူများသည် မိမိဖုန်းနံပါတ်ကို ငွေဖြည့်ရာတွင် ငွေပမာဏနှင့် လျှို့ဝှက် ဂဏန်းနံပါတ်များ ရိုက်ထည့်ရန် လိုအပ်သည်။
  • ရေမီး စသည့် အသုံးပြုခ => ၀န်ဆောင်ခများကို လုပ်ဆောင်နိုင်သည်။ ရေ/မီး စသည်ကို ခလုတ်တစ်ချက် ဖိလိုက်လျှင် လွယ်ကူစွာ ငွေပေးချေနိုင်သည်။
အဖြေ။ ကိုယ်ပိုင်အကောင့်ရှိလျှင် မိမိအကောင့်မှ တစ်ခြားတစ်ယောက်၏ အကောင့်ကို ငွေပေးချေခြင်း (PayTo,…) ပြုလုပ်လျှင် စက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်း ချက်ချင်း ငွေပေးပို့နိုင်ပါသည်။
အဖြေ။ ပေးပို့ပါသည်။ SMS စာတို လက်ခံရရှိပါလိမ့်မည်။ (သို့) OK $ မှ တစ်ဆင့်လည်း ငွေလက်ခံရရှိကြောင်းကို လက်ခံရရှိလိမ့်မည်။
အဖြေ။ မိမိဖွင့်ထားသော OK $ အကောင့်ဖွင့်ရာတွင် Personal Account ဖြင့်ထားပါက ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း အရတစ်ကြိမ်လွှဲလျှင် ၁၀သိန်းထက်မပိုပဲတစ်နေ့လျှင်တစ်ဦးကို၃ကြိမ်သာ ပေးပို့ နိုင်ပါသည်။ Business Account ဖြင့်ဖွင့်ထားပါက အကြိမ်အရေအတွက်နှင့် ငွေပမာဏ အကန့်သတ်ချက် မရှိပေးပို့၊ လက်ခံနိုင်လိမ့်မည်။
အဖြေ။ မည်သူမဆို OK $ အကောင့်ရှိသူတိုင်း ငွေသွင်း၊ငွေထုတ်လုပ်ဆောင်နိုင်သည်။ အေးဂျင့် ရှာဖွေ ဆိုသော နေရာကိုနှိပ်၍ အေးဂျင့်စာရင်းရှိသင့်နှင့်နီးစပ်ရာအေးဂျင့်ဖြင့်ငွေသွင်း၊ငွေထုတ်လုပ်ဆောင်နိုင်သည်။
အဖြေ။ OK $ application ကိုဖွင့်၍ အကောင့် ၀င်ပြီး ငွေပေးပို့ (သို့) နံပါတ် မပေါ်ငွေပေး မှတဆင့် သင့် မိသားစု (သို့) မိတ်ဆွေ သူငယ်ချင်းများ၏ ဖုန်းနံပါတ်ကို ထည့်၍ ပေးပို့နိုင်သည်။ ငွေလက်ခံရရှိသူ ဘက်မှ သင့်ငွေပေးချေမှုကို အသိပေးချက် စာဖြင့် ရရှိမည်ဖြစ်သည်။
အဖြေ။ သင်ငွေကြေး ပေးပို့မှုကို တခြားသူမှ သင့်ဖုန်းနံပါတ်အား မသိစေချင်သော အခါတွင် နံပါတ်မပေါ် ငွေပေးသည့် စနစ်ဖြင့် လုပ်ဆောင်နိုင်သည်။ နံပါတ် မပေါ်ငွေပေး မှတဆင့် သင်ပေးပို့ချင်သော ဖုန်းနံပါတ်ကို ထည့်၍ ပေးပို့နိုင်သည်။ ငွေလက်ခံရရှိသူ ဘက်မှ သင့်ငွေပေးချေမှုကို အသိပေးချက် စာဖြင့် ရရှိမည်ဖြစ်သည်။
အဖြေ။ အကောင့်သို့ ၀င်ကာ ပြင်ဆင်ချက်သို့သွား၍ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း တွင် သင်ငွေပေး၊ ငွေယူ လုပ်ဆောင်ချက်များကို စစ်ဆေးနိုင်သည်။ ပေးသည့် အချိန်၊ လက်ခံ ရရှိသည့် အချိန်၊ ဖုန်းနံပါတ်များနှင့် တကွ အသေးစိတ် ဖော်ပြပေးထားသည်။ လက်ကျန်ငွေ စစ်ရန် နေရာတွင်လည်း သင့်လက်ကျန်ငွေကို စစ်ဆေးနိုင်သည်။
အဖြေ။ ရှေးဦးစွာ အကောင့်၀င်၍ ပြင်ဆင်ချက်သို့ သွားပါ။ လျှို့ဝှက်နံပါတ် ပြောင်းရန် နေရာကို နှိပ်၍ လျှို့ဝှက်နံပါတ် အဟောင်းကို ရိုက်ကာ အသစ် ထပ်ထည့်၍ ပြောင်းနိုင်သည်။ သင် လျှို့ဝှက်နံပါတ် မပြောင်းခင် မှတ်မိအောင် လုံခြုံစိတ်ချရသော တစ်နေရာရာတွင် လျှို့ဝှက်နံပါတ် အသစ်ကို ရေးမှတ်ထားသင့်သည်။
အဖြေ။ OK $ အကောင့်သို့ဦးစွာ၀င်ရောက်၍ ဖုန်းဘီ(လ်)ဖြည့်ရန်နေရာတွင်မိမိဖုန်းကိုဖြည့်ချင်က “ မိမိ” နေရာကိုနှိပ်၍ တခြားသူဖုန်းနံပါတ်ကို ဖုန်းဘီ(လ်)ဖြည့်ချင်က “တခြား” နေရာသို့နှိပ်၍ အလွယ်တကူဖြည့်ပေးနိုင်သည်။
အဖြေ။ မိမိ ဈေး၀ယ်ရာမှ ရရှိသော ဘောနပ်(စ်)ပွိုင့် ရမှတ်များကို စုထား၍ ကုန်သည်၊ လုပ်ငန်းရှင် (သို့) ဈေးဆိုင် သတ်မှတ်သော ရမှတ် ရောက်ရှိသည့် အခါ သတ်မှတ်ထားသော လက်ဆောင် ပစ္စည်း (သို့) ငွေကြေးဖြင့် ထိုရမှတ်ကို ပြန်လဲလှယ်နိုင်သည်။ ဘောနပ်ပွိုင့် ရရှိသော သက်ဆိုင်ရာ ကုန်သည်စီမှသာ ပြန်လည်လဲလှယ်နိုင်သည်။
ဥပမာ - ကုန်သည် A မှ ရရှိသော ဘောနပ်(စ်)ပွိုင့်ကို ကုန်သည် B ကပေးသော လက်ဆောင်နှင့် လဲလှယ်၍ မရပါ။
For Advance Merchant
အဖြေ။ လုံခြုံစိတ်ချရသော ငွေကိုင်သည် ပုံမှန်အကောင့်/ ကုန်သည်အကောင့်နှင့် အကောင့်ဝင်ရာတွင် လုပ်ဆောင်ပုံ တူညီသည်။ အောက်ပါ ပြောင်းလဲချက်များ အနည်းငယ်သာ ရှိမည် ဖြစ်သည်။
  • အနည်းငယ် လျော့ချထားသော separate app တစ်ခုတွင် လုံခြုံစိတ်ချရသော ငွေကိုင် အကောင့်ဝင်ပြီး အသုံးပြုနိုင်သည်။
  • parent/advance merchant နံပါတ်သည် မဖြစ်မနေထားရှိရသည်။
ကုန်သည် vs Advance Merchant vs လုံခြုံစိတ်ချရသော ငွေကိုင် ကုန်သည် => ကုန်သည် အကောင့်သည် ပုံမှန် အကောင့်တစ်ခုနှင့် ဆင်တူ၍ အောက်တွင် ဖော်ပြထားသည့် အချက်အချို့သာ ကွာခြားသည်။
  • ဘောနပ်(စ်)ပွိုင့် : ဝယ်ယူမှုတိုင်းအပေါ် ဖောက်သည်များက ဘောနပ်(စ်) ရရှိမည့် အစီအစဉ် ပြုလုပ်နိုင်သည်။
  • လျော့ဈေးငွေ: ဖောက်သည်များ တိုးပွားလာရန်အတွက် ကုန်သည်က လျော့ဈေးငွေ အစီအစဉ် ပြုလုပ်နိုင်သည်။
  • လက်ဆောင် ပြန်အမ်းငွေ: လက်ဆောင်ပြန်အမ်းငွေကို ကုန်သည်မှ ပြုလုပ်နိုင်ပြီး ကုန်သည်မှ ချမှတ်သည့် စည်းမျဉ်း အပေါ် အခြေခံ၍ ဖောက်သည်များက x% ငွေပမာဏ ကို ပြန်ရလိမ့်မည်။
  • အလွယ်တကူ ငွေပေးချေရန် တည်နေရာ လွှင့်ထား : ကုန်သည်သည် သူတို့ဆိုင်နေရာတွင် တည်နေရာထုတ်လွှင့်နိုင်သည်။ အနီးအနားရှိကုန်သည်များအတွက် ရှာဖွေချိန်တွင် ကုန်သည် ထုတ်လွှင့်ထားသော တည်နေရာကို မြေပုံပေါ်တွင် တွေ့မြင် ရလိမ့်မည်။
  • အရောင်းမြှင့်တင်ခြင်း (ပရိုမိုးရှင်း ) အစီအစဉ်: အရောင်းမြှင့်တင်ခြင်း (ပရိုမိုးရှင်း ) အစီအစဉ်သည် ဖော်ပြပါအမျိုးအစားပေါ် အခြေခံ၍/ အနီးအနားရှိ တည်နေရာကို ရှာဖွေသော ဖောက်သည်များကို သတိပြုမိရန် အတွက် ကြော်ငြာများဖြစ်သည်။
  • ဘဏ်မှငွေထုတ်ယူခြင်း : ကုန်သည်များသည် ဘဏ်မှ ငွေထုတ်ယူရန်အတွက် / မည်သည့် အေးဂျင့်မှ သွားစရာမလိုပါ။ OK $ တွင် ခလုတ်တစ်ချက် ဖိလျှင် ကြိုတင် သတ်မှတ်ထားသော ဘဏ်အကောင့်မှ ငွေပမာဏများ ထုတ်ယူနိုင်မည် ဖြစ်သည်။
Advance merchant သည် ကုန်သည်နှင့် ဆင်တူသည်။ ကွဲပြားသော အချက်များ အောက်တွင် ဖော်ပြထားသည်။
  • သူတို့အောက်တွင် လုံခြုံစိတ်ချရသော ငွေကိုင်များကို ပြုလုပ်ထားရှိနိုင်သည်။
  • ကြိုတင် သတ်မှတ်ထားသော နံပါတ် ၅ ခုကိုသာ ငွေပေးမှု လုပ်နိုင်ပြီး အခြားသူများအား ပေးပို့၍ မရပါ။
လုံခြုံစိတ်ချရသော ငွေကိုင်သည် Advance Merchant အောက်တွင် ပြုလုပ်ရမည့် အကောင့်ဖြစ်သည်။ လုံခြုံစိတ်ချရသော ငွေကိုင်၏ အဓိက ရည်ရွယ်ချက်မှာ ဝယ်ယူသူမှ ငွေပေးချေမှုကို ကောင်တာမှ လက်ခံရရှိရန် ဖြစ်သည်။ ဝယ်သူထံမှ ငွေပေးချေမှုများကို Advance merchant ထံသို့သာ ရောက်ရှိမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော ငွေကိုင်တွင် စာရင်းသာရှိမည်ဖြစ်သည်။ လုံခြုံစိတ်ချရသော ငွေကိုင်သည် ၀ယ်သူမှ ပေးချေသည့် စာရင်းကို စာတို/အသိပေးချက် အဖြစ်သာ လက်ခံရရှိမည်။ ၀ယ်သူထံမှ ပေးချေမှုသည့် ငွေပမာဏသည် advance merchant နံပါတ်သို့ ရောက်ရှိမည်ဖြစ်သည်။။
အဖြေ။ ကုန်သည်သည် မည်သည့် ဖုန်းနံပါတ်/ ၀ယ်သူ၊ ဖောက်သည်ကိုမဆို မိမိစိတ်ကြိုက် လျော့ဈေးငွေ ပမာဏ သတ်မှတ်၍ ပေးနိုင်သည်။ ကုန်သည်သည် ဝယ်ယူသူ တစ်ယောက်ချင်းအတွက် ပေးရန် ငွေပမာဏကို စိတ်ကြိုက် ဆုံးဖြတ်နိုင်သည်။ ကုန်သည်သတ်မှတ်ထားသော စာရင်းသည် OK $ system သို့ရောက်ရှိပြီး ထို OK $ system မှတဆင့် သက်ဆိုင်ရာ ငွေပမာဏကို ဝယ်ယူသူထံသို့ ငွေပေးလိမ့်မည်။
အဖြေ။ ကုန်သည်များသာ ဘောနပ်(စ်)ပွိုင့် ( https://okdollar.net/LoyaltyPortal) portal ကို ဝင်ရောက်သုံးနိုင်မည် ဖြစ်သည်။
ကုန်သည်သည် portal မှတဆင့် အကောင့်ဝင်ရန် တူညီသော လျှို့ဝှက်နံပါတ်နှင့် ဖုန်းနံပါတ်ကို အသုံးပြုနိုင်သည်။
ကုန်သည်သည် အချိုးဖြင့် ဘောနပ်(စ်)ပွိုင့် ငွေလွှဲပေးခြင်းအတွက် စည်းမျဉ်းများ ထားရှိသည်။
ဥပမာ-
သတ်မှတ်ချက်။ ။၀ မှ ၁၀၀၀၀ mmk အတွင်း ငွေပေးချေမှုအတွက် ၊ ၁၀၀ mmk တိုင်းသည် ဘောနပ်(စ်)ပွိုင့် ၁၀ လက်ခံရရှိလိမ့်မည် ဆိုပါစို့။
ဝယ်ယူသူသည်/ဖောက်သည်သည် ၅၀၀၀ mmk ပေးလျှင် သူ/သူမသည် ဘောနပ်(စ်) ၅၀၀ လက်ခံရရှိသည်။
ဝယ်ယူသူ/ဖောက်သည်သည် ၆၀၀၀ mmk ပေးလျှင် သူ/သူမသည် ဘောနပ်(စ်) ၆၀၀ လက်ခံရရှိသည်။
ဝယ်ယူသူသည်/ဖောက်သည်သည် ၅၅၀၀ mmk ပေးလျှင် သူ/သူမသည် ဘောနပ်(စ်) ၅၀၀ လက်ခံရရှိသည်။
© www.okdollar.com
© A property of Internet Wallet Pvt Ltd, 2016.